Friday, January 18, 2008

ဆက်ရန်ရှိသေးသည်ဖြစ်ပေါ်လာပုံ

“ဆက်ရန်ရှိသေးသည် (To Be Continued)” ဇာတ်ကားကို ရှိရင်းစွဲမှခွဲထွက်ကာ ဆန်းသစ်လတ်ဆက်သော
ဇာတ်လမ်း၊ အံ့သြဖွယ်ရာကောင်းသော presentation များဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသည်။ အသွင်သစ်
အမြင်ဆန်းများဖြင့် မြန်မာဇာတ်ကားများတွင် တစ်မူထူးခြားစွာ ပရိတ်သတ်ကိုရင်သပ်ရှုမောအံ့သြသွား
စေအောင်ဖန်တီးတင်ဆက်မည့်ဇာတ်ကားမှာ “ဆက်ရန် . . . ရှိသေးသည်” ဒီဗီဒီဇာတ်ကားပင်ဖြစ်သည်။
ထိုဇာတ်ကားကို ပုံမှန်ရိုက်ရိုးရိုက်စဉ်မှခွဲထွက်နိုင်အောင် ဒါရိုက်တာလက်သစ်နှစ်ဦးဖြစ်သော
လင်းမြတ်နှင့်လွင်ဗိုတို့က ဇာတ်လမ်းနှင့်ဒါရိုက်တာအပြင် တည်းဖြတ်ခြင်းနှင့် အထူးပြုလုပ်ချက်
(Visual Effect & 3D Animation) များဖန်တီးပြုလုပ်ခြင်းများကိုပါ
ကိုယ်တိုင်အစအဆုံးတာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။
“ဆက်ရန်ရှိသေးသည်” ဇာတ်လမ်းစတင်ရေးသားခြင်းကို ဒါရိုက်တာလင်းမြတ်နှင့်လွင်ဗိုသည်
၂၀၀၇ခုနှစ် မတ်လဆန်းတွင်စတင်ခဲ့ပြီး ၂၀၀၇ခုနှစ် ဇူလိုင်တွင်ဇာတ်လမ်းနှင့် ဇာတ်လမ်းအခန်းစဉ်တို့ကို
အချောသပ်နိုင်ခဲ့သည်။ သြဂုတ်လတွင် ဇာတ်လမ်းအချောနှင့်အခန်းစဉ်များကို ဆင်ဆာဘုဒ်အဖွဲ့သို့
ဇာတ်လမ်းစီစစ်တင်ရာ ခွင့်ပြုခဲ့သဖြင့် Production Design ဆွဲခြင်းနှင့် ဇာတ်ကောင်နှင့်လိုက်ဖက်မည့်
သရုပ်ဆောင်များကိုအကြမ်းရွေးချယ်ခြင်း(casting) လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုနေရာတွင် လက်ရှိမြန်မာဗီဒီယိုလောက၏အနေအထားအရ Production Designer တစ်ယောက်
သီးသန့်ထားရှိရန် မလွယ်ကူသေးသဖြင့် ဒါရိုက်တာလင်းမြတ်၊လွင်ဗိုကိုယ်တိုင် Production Design
ဆွဲခြင်းကိုပြုလုပ်ခဲ့သည်။ စက်တင်ဘာလတွင် Layout Plan အတွက် Location ရှာဖွေခြင်းလုပ်ငန်းကို
ဆောင်ရွက်ပြီး ဓါတ်ပုံမှတ်တမ်းများရိုက်ယူခဲ့သည်။ ထိုဓါတ်ပုံ Location များအတိုင်း 3D Modeling
ဆွဲကာ Digital Directing (Planning Shot) လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
အောက်တိုဘာလတွင် ဇာတ်ညွန်းရေးရန်အတွက် ဦးမောင်(နောင်ထွန်းလွင်) ထံအပ်နှံခဲ့ပြီး
တဆက်တည်းရိုက်ကွင်းဆိုင်ရာအခက်အခဲများအတွက် ရိုက်ကွင်းအတွေ့အကြုံကြီးမားသော
ဦးမောင်(နောင်ထွန်းလွင်)ကိုပင် ရိုက်ကွင်းကြည့်ကြပ်ပေးရန်တောင်းဆိုကာ ရိုက်ကွင်းဆိုင်ရာ
အကြံညဏ်များကိုရယူခဲ့ပါသည်။ ထိုမှ Planning Shot (ရိုက်ကွင်းပြင်ပတွင် သက်မဲ့သရုပ်ဆောင်များနှင့်
အကြမ်းရိုက်ကူးခြင်း) လုပ်ငန်းနှင့် ဇာတ်ကားတစ်ကားလုံးစာ Story Board ရေးဆွဲခြင်းလုပ်ငန်းစဉ်များကို
အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။ Planning Shot နှင့် Story Board ရေးဆွဲခြင်းကို
(၃)လကြာ အချိန်ပေးခဲ့ရပြီး ဒီဇင်ဘာလလယ်တွင် ရိုက်ကူးရန်အသင့် Story Board ကိုအချောသပ်နိုင်ကာ
Preproduction လုပ်ငန်းစဉ်ပြီးမြောက်အောင်မြင်ခဲ့လေသည်။
သို့နှင့် ၂၃-၁၂-၀၇ တွင် သင်္ကန်းကျွန်း၊ ဓမ၀ိဟာရကျောင်းတိုက်တွင် ဒီဗီဒီကန်တော့ပွဲအခမ်းအနား
ကျင်းပခဲ့ပြီး ၂၈-၁၂-၀၇ တွင် လက်တွေ့ရိုက်ကူးခြင်း (Production) လုပ်ငန်းကိုစတင်ခဲ့လေသည်။

လင်းမြတ်၊လွင်ဗို(ဒါရိုက်တာ)

2 comments:

Unknown said...

ဒီဇတ်ကားကြည့်ချင်တယ်တင်ပေးပါလားခင်ဗျာ

Yarzar said...

လိုချသ်တယ်