Wednesday, March 26, 2008
on scene 02
ရှင်းလင်းပြောပြနေစဉ်
Posted by On Scene at 8:15 AM 0 အကြံပြုပါဦး
Monday, February 18, 2008
On Scene 07
Posted by On Scene at 8:12 AM 0 အကြံပြုပါဦး
On Scene 09
အချိန်လည်းမကုန်တော့ဘူးပေါ့၊ အမှားအယွင်းဆိုတာလည်း မရှိနိုင်တော့ဘူးလေ . . .
Posted by On Scene at 7:54 AM 0 အကြံပြုပါဦး
On Scene 10
စကားပြောများ ကျက်ပေးနေစဉ်
Posted by On Scene at 7:49 AM 1 အကြံပြုပါဦး
On Scene 11
ကို ပြသပေးနေစဉ်
Posted by On Scene at 7:37 AM 0 အကြံပြုပါဦး
Friday, February 15, 2008
Tuesday, January 22, 2008
Lin Myat (talk)
အနုပညာမှာ Realism ကိုကျော်ခဲ့တာကြာပြီလို့တော့ ထင်ပါတယ်
ငြင်းမယ်ဆိုရင်လည်းငြင်းခွင့်ရှိပါတယ်၊ ဒါမှမဟုတ် . . . . . . . .
မျက်စိနဲ့မြင်နိုင်မှ ယုံကြည်မယ်ဆိုတဲ့ခေတ်ကိုလည်း ကျော်ခဲ့ပြီ
မိုက်ခရိုစကုပ်နဲ့ကြည့်ရင် မြင်နိုင်မှယုံကြည်ပါမယ်ဆိုတဲ့ခေတ်ကိုလည်း ကျော်ခဲ့ပါပြီ
မမြင်ရတာကို ယုံကြည်ရတဲ့ခေတ်ကိုရောက်နေပြီလေ
(Nothing is something special)
မမြင်နိုင်တဲ့အကြောင်းတရားတွေမှာ သေချာမှုတွေ ဘယ်လောက်တောင်ပြည့်နှက်နေပြီလဲ၊ ကျွန်တော်ကတော့ အပြည့်အ၀ယုံကြည်တယ်၊ ပရိတ်သတ်ကျွေးတဲ့ထမင်းတစ်လုပ်ကိုစားပြီး အနုပညာဆိုတဲ့ခေါင်းစဉ်အောက်မှာ ပျင်းရိပေါ့ပါးစွာနဲ့တွယ်မှီခိုကပ်ဖို့ ကျွန်တော်ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး၊ ပရိတ်သတ်ကျွေးတဲ့ထမင်းတလုပ်ကို လိပ်ပြာသန့်သန့်နဲ့စားသုံးရင်း အနှစ်သာရရှိတဲ့ပန်းတစ်ပွင့်ကို ကျွန်တော့်တို့ပျိုးလိုက်ပါပြီ၊
ပန်းပျိုးလက်တွေကို ကြင်နာမယ်ဆိုရင် . . . . .
`` ဆက်ရန် . . . ရှိသေးသည်´´
Posted by On Scene at 1:09 AM 3 အကြံပြုပါဦး
Monday, January 21, 2008
Sunday, January 20, 2008
On Scene 24
Posted by On Scene at 4:09 AM 0 အကြံပြုပါဦး
On Scene 26
ဒါရိုက်တာ လင်းမြတ် နှင့် လွင်ဗို ဇာတ်ဝင်ခန်းတစ်ခုရိုက်ရန် Story Board ၊ဇာတ်ညွန်းများနှင့် ပြင်ဆင်နေစဉ်
Posted by On Scene at 3:42 AM 0 အကြံပြုပါဦး
Lwin Bo Talk 01
(သို့မဟုတ်)
ဆက်ရန်ရှိသေးသည်
ကျွန်တော့်နာမည်က လွင်ဗိုလ် ဖြစ်ပါတယ်။ `ဆက်ရန်ရှိသေးသည်´ ဒီဗီဒီဇာတ်ကားကို ရိုက်ကူးဖြစ်ရခြင်း အကြောင်းကတော့ မြန်မာဇာတ်ကားတစ်ကားကို Visual Effect တွေ 3D Animation တွေနဲ့ တစ်ခန်းတနား ဖြစ်အောင်ဖန်တီးပြချင်တဲ့ရည်ရွယ်ချက်ကြောင့်ပါ။ အဲဒါကြောင့် ကိုနိုင်ဦး(လင်းမြတ်)နဲ့အတူ ဒီဇာတ်လမ်းကို စတင်ပြီး စဉ်းစားကတည်းက Animation ပြကွက်တွေအတွက်ကိုပဲ ဦးစားပေးပြီး ဇာတ်လမ်းဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဇာတ်ဝင်ခန်းတိုင်းလိုလို Animation တွေလုပ်ဖို့ အနည်းနဲ့အများဆိုသလို ပါနေတယ်။ ဒီလိုဇာတ်ဝင်ခန်းတွေ ရိုက်ကူးတဲ့အခါမှာ သမရိုးကျရိုက်ရိုးရိုက်စဉ်အတိုင်း ရိုက်လို့မရတော့ဘဲ Animation ပြုလုပ်တဲ့အခါမှာ အဆင်ပြေနိုင်စေဖို့ လိုအပ်တဲ့ Camera Angle, Cropping နဲ့ Actor Movement တွေကအစ သေချာတွက်ချက်ပြီး ရိုက်ကူးခဲ့ပါတယ်။ အခုလို အဆင်ပြေပြေရိုက်ကူးနိုင်ဖို့အတွက် ကျွန်တော်နဲ့ ကိုနိုင်ဦး (လင်းမြတ်) ဟာ Preproduction ပိုင်းကို (၆)လကျော်ခန့် အချိန်ယူ ပြင်ဆင်ခဲ့ရပါတယ်။ အဲဒီလို Planning Shot လုပ်ပြီးဆွဲထားတဲ့ Story Board အတိုင်း ရိုက်ကွင်းပေါ်မှာ ရိုက်ခဲ့တာဖြစ်ပါတယ်။ ကိုနိုင်ဦး(လင်းမြတ်)က စကားပြောဇာတ်ဝင်ခန်းကို အဓိကရိုက်ကူးပြီး ကျွန်တော်ကတော့ Visual Effect ဇာတ်ဝင်ခန်းတွေကို အဓိက ရိုက်ကူးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဦးမောင်(နောင်ထွန်းလွင်)ထံမှလည်း ရိုက်ကွင်းဆိုင်ရာ အကြံဥာဏ်ကောင်းများကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲထွေထွေထူးထူးမရှိဘဲ ရိုက်ကူးရေးပိုင်း (Production) လုပ်ငန်းကို အောင်မြင်ခဲ့ပါတယ်။ Post Production လုပ်ငန်းပိုင်းကိုတော့ ကျွန်တော်တို့ဟာ အချိန်အတော်ယူပြီး ပြုလုပ်ရဦးမှာပါ။ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေလည်း အများကြီးကြုံတွေ့ရနိုင်ပါတယ်။ သာမန်ဇာတ်ကားတွေကို အယ်ဒီတာ တစ်ယောက်ထဲကပြုလုပ်ရင် တစ်လအတွင်းပြီးနိုင်ပေမယ့် ကျွန်တော့်တို့ ဇာတ်ကားကိုတော့ ပညာရှင်ဆယ်ယောက်ခန့်ဝိုင်းဝန်းလုပ်ဆောင်မှာဖြစ်ပြီး လျှပ်စစ်မီးမှန်မယ်ဆိုရင်တောင် အနည်းဆုံးအချိန်ခြောက်လခန့်ကြာပါလိမ့်မယ်။ Editing ပိုင်းကို ကိုနိုင်ဦး(လင်းမြတ်) က တာဝန်ယူပြုလုပ်မှာပါ။ Visual Effect ပိုင်းကိုတော့ ကျွန်တော်က တာဝန်ယူပြုလုပ်မှာပါ။ 3D Animation တွေကို Cinema 4D, 3D Studio Max, Maya စတဲ့ Software ကြီးသုံးခုနဲ့ အဓိကဖန်တီးမှာဖြစ်ပါတယ်။ C4D သမားကို C4D၊ Max ကျွမ်းကျင်သူကို Max၊ Maya အားသန်သူကို Maya နဲ့ ဆွဲစေမှာဖြစ်ပြီး အားလုံးပြီးမှ ပြန်ပေါင်းမှာပါ။ တခြား 3D Software တွေဖြစ်တဲ့ Poser, Vue, Body Studio, Maxwell Rander တို့ကိုလည်း လိုအပ်သလိုအသုံးပြုသွားရမှာ။ 2D Visual Effect အတွက်ကိုတော့ Adobe After Effect ကိုပဲအဓိကအသုံးပြုမှာဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားမှာ New Media Technology ဖြင့်ဖန်တီးထားတဲ့ Presentation များပါဝင်မှုက ပရိတ်သတ်ကို ဘယ်လောက်ထိအာရုံဖမ်းစားပြီး ဆွဲဆောင်နိုင်သလဲဆိုတဲ့ မေးခွန်းကို `ဆက်ရန်ရှိသေးသည်´ ဒီဗီဒီဇာတ်ကားက တိတိကျကျ ဖြေဆိုနိုင်ပါလိမ့်မယ်။
လွင်ဗိုလ်
Posted by On Scene at 2:17 AM 0 အကြံပြုပါဦး
Saturday, January 19, 2008
On Scene 33
ပေးနေစဉ် (၃၀-၁၂-၀၇)
Posted by On Scene at 2:44 AM 0 အကြံပြုပါဦး
Friday, January 18, 2008
ဆက်ရန်ရှိသေးသည်ဖြစ်ပေါ်လာပုံ

ဇာတ်လမ်း၊ အံ့သြဖွယ်ရာကောင်းသော presentation များဖြင့်ပေါင်းစပ်ဖွဲ့စည်းထားသည်။ အသွင်သစ်
အမြင်ဆန်းများဖြင့် မြန်မာဇာတ်ကားများတွင် တစ်မူထူးခြားစွာ ပရိတ်သတ်ကိုရင်သပ်ရှုမောအံ့သြသွား
စေအောင်ဖန်တီးတင်ဆက်မည့်ဇာတ်ကားမှာ “ဆက်ရန် . . . ရှိသေးသည်” ဒီဗီဒီဇာတ်ကားပင်ဖြစ်သည်။
ထိုဇာတ်ကားကို ပုံမှန်ရိုက်ရိုးရိုက်စဉ်မှခွဲထွက်နိုင်အောင် ဒါရိုက်တာလက်သစ်နှစ်ဦးဖြစ်သော
လင်းမြတ်နှင့်လွင်ဗိုတို့က ဇာတ်လမ်းနှင့်ဒါရိုက်တာအပြင် တည်းဖြတ်ခြင်းနှင့် အထူးပြုလုပ်ချက်
(Visual Effect & 3D Animation) များဖန်တီးပြုလုပ်ခြင်းများကိုပါ
ကိုယ်တိုင်အစအဆုံးတာဝန်ယူဆောင်ရွက်မည်ဖြစ်ပါသည်။
“ဆက်ရန်ရှိသေးသည်” ဇာတ်လမ်းစတင်ရေးသားခြင်းကို ဒါရိုက်တာလင်းမြတ်နှင့်လွင်ဗိုသည်
၂၀၀၇ခုနှစ် မတ်လဆန်းတွင်စတင်ခဲ့ပြီး ၂၀၀၇ခုနှစ် ဇူလိုင်တွင်ဇာတ်လမ်းနှင့် ဇာတ်လမ်းအခန်းစဉ်တို့ကို
အချောသပ်နိုင်ခဲ့သည်။ သြဂုတ်လတွင် ဇာတ်လမ်းအချောနှင့်အခန်းစဉ်များကို ဆင်ဆာဘုဒ်အဖွဲ့သို့
ဇာတ်လမ်းစီစစ်တင်ရာ ခွင့်ပြုခဲ့သဖြင့် Production Design ဆွဲခြင်းနှင့် ဇာတ်ကောင်နှင့်လိုက်ဖက်မည့်
သရုပ်ဆောင်များကိုအကြမ်းရွေးချယ်ခြင်း(casting) လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
ထိုနေရာတွင် လက်ရှိမြန်မာဗီဒီယိုလောက၏အနေအထားအရ Production Designer တစ်ယောက်
သီးသန့်ထားရှိရန် မလွယ်ကူသေးသဖြင့် ဒါရိုက်တာလင်းမြတ်၊လွင်ဗိုကိုယ်တိုင် Production Design
ဆွဲခြင်းကိုပြုလုပ်ခဲ့သည်။ စက်တင်ဘာလတွင် Layout Plan အတွက် Location ရှာဖွေခြင်းလုပ်ငန်းကို
ဆောင်ရွက်ပြီး ဓါတ်ပုံမှတ်တမ်းများရိုက်ယူခဲ့သည်။ ထိုဓါတ်ပုံ Location များအတိုင်း 3D Modeling
ဆွဲကာ Digital Directing (Planning Shot) လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ခဲ့သည်။
အောက်တိုဘာလတွင် ဇာတ်ညွန်းရေးရန်အတွက် ဦးမောင်(နောင်ထွန်းလွင်) ထံအပ်နှံခဲ့ပြီး
တဆက်တည်းရိုက်ကွင်းဆိုင်ရာအခက်အခဲများအတွက် ရိုက်ကွင်းအတွေ့အကြုံကြီးမားသော
ဦးမောင်(နောင်ထွန်းလွင်)ကိုပင် ရိုက်ကွင်းကြည့်ကြပ်ပေးရန်တောင်းဆိုကာ ရိုက်ကွင်းဆိုင်ရာ
အကြံညဏ်များကိုရယူခဲ့ပါသည်။ ထိုမှ Planning Shot (ရိုက်ကွင်းပြင်ပတွင် သက်မဲ့သရုပ်ဆောင်များနှင့်
အကြမ်းရိုက်ကူးခြင်း) လုပ်ငန်းနှင့် ဇာတ်ကားတစ်ကားလုံးစာ Story Board ရေးဆွဲခြင်းလုပ်ငန်းစဉ်များကို
အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့သည်။ Planning Shot နှင့် Story Board ရေးဆွဲခြင်းကို
(၃)လကြာ အချိန်ပေးခဲ့ရပြီး ဒီဇင်ဘာလလယ်တွင် ရိုက်ကူးရန်အသင့် Story Board ကိုအချောသပ်နိုင်ကာ
Preproduction လုပ်ငန်းစဉ်ပြီးမြောက်အောင်မြင်ခဲ့လေသည်။
သို့နှင့် ၂၃-၁၂-၀၇ တွင် သင်္ကန်းကျွန်း၊ ဓမ၀ိဟာရကျောင်းတိုက်တွင် ဒီဗီဒီကန်တော့ပွဲအခမ်းအနား
ကျင်းပခဲ့ပြီး ၂၈-၁၂-၀၇ တွင် လက်တွေ့ရိုက်ကူးခြင်း (Production) လုပ်ငန်းကိုစတင်ခဲ့လေသည်။
လင်းမြတ်၊လွင်ဗို(ဒါရိုက်တာ)
Posted by On Scene at 1:56 AM 2 အကြံပြုပါဦး
On Scene 33
နှစ်ဦး စကားပြောဇာတ်ဝင်ခန်းရိုက်ကူးနေပုံကို ယခုလိုမြင်တွေ့ရသည်
(၃၀-၁၂-၀၇)
Posted by On Scene at 1:38 AM 0 အကြံပြုပါဦး
Thursday, January 17, 2008
On Scene 35
ပြောဆိုပြသနေစဉ်
Posted by On Scene at 2:49 AM 0 အကြံပြုပါဦး
On Scene 37
လိုချင်သောသရုပ်ကို ရှင်းလင်းပြောကြားနေစဉ်
Posted by On Scene at 2:26 AM 0 အကြံပြုပါဦး
On Scene 39
မှတ်ချက် (အရိုးခြောက်စစ်တပ်ကြီးချီတက်လာပုံမြင်ကွင်းကို 3D Animation ဖြင့်ဖန်တီးမည်ဖြစ်ပါသည်)
Posted by On Scene at 2:07 AM 1 အကြံပြုပါဦး